Pages

Tuesday, May 29, 2012

မိုးတိမ်၏ အိမ်မက်ကဗျာများမှ ကျနော်နှစ်သက်တဲ့ကဗျာလေးပါ

နာကျင်စေတဲ့ ဝေဒနာ

အမှတ်မထင် တွေ့ခဲ့ကြ
နှစ်ယောက်လုံးပျော်ရွင်ကြတဲ့
ရေစိုနေ့တစ်နေ့
ဒိုင်ယာရီစာအုပ်ရဲ့ စာမျက်နှာတွေမှာ
ရွှေရောင်အိမ်မက်တွေ သုတ်လိမ်းခဲ့သူ
ပြင်ဆင်ချိန်မပေးပဲ
ရုတ်တရက်လမ်းခွဲသွားပြီ
ထွက်သွားပြီးမှတော့
နောက်ထပ်တစ်ခါ ငါ့ရင်ထဲပြန်မ၀င်လာပါနဲ့တော့
နင်ထားခဲ့တဲ့ အမှတ်တရတွေကို
မေ့ပစ်ရတာ ရင်နာလွန်းတယ်.........................။

မိုးတိမ်ကဗျာ

Monday, May 28, 2012

http://soemoesmarttoy.blogspot.com ကကိုစိုးမိုးသိန်းရေးထားတာလေးပါ ကြိုက်လို့ ပြန်တင်တာပါ


အမေနဲ့အမေ့အကြောင်း(ကိုးဘွဲ့ရဆရာတော်)

အမေ
နွေအခါမှာ ပိတောက်
မိုးရောက်တော့ ပဒုမ္မာ
ဆောင်းမှာတော့ သဇင်မင်း
ရာသီအတွင်း ကြိုင်လှိုင်
အလှချင်းပြိုင်ကြတဲ့အခါပေါ့။
အမေရဲ့ မေတ္တာတရား
နွေမှာပဲ ပူနေနေ
မိုးစွေလို့ပဲ အေးအေး
သဇင်လေးတွေပွင့်တဲ့ရာသီ
ဆောင်းမပီ့တပီမှာပဲဆိုဆို
အပိုအလိုမရှိ
ပကတိ မေတ္တာတရား
ယိုစီးကျသွားတာတော့
အတူတူပဲနော်။
ဘယ်ရင်ခွင်ဘယ်လောက်အေးအေး
ဘယ်ရေအေးဘယ်လောက်စင်စင်
ဘယ်သခင် ဘယ်လို
စောင့်ရှောက် စောင့်ရှောက်
ဘယ်စကားဘယ်လောက်ချိုချို
အမေ့ကိုတော့ မမှီနိုင်
နို့ရည်အိုင်ထဲက အမေ့သား
ဒါကြောင့်များ
အားရှိတယ်ထင်ရဲ့။
"အမေ" လို့
ခေါ်ရတဲ့ အရသာ
ရင်ခွင်မှာ လျှံဖိတ်
ကြည်နူးမှု ပီတိစိတ်တွေနဲ့
အိပ်ရတာ ပျော်တယ်အမေ။
အမေဆိုတာ အင်အား
အမေဆိုတာ ဥာဏ်ပညာ
အမေဆိုတာ မေတ္တာပင်လယ်
ကျယ်ပြောတဲ့ သည်စကား
အမေဆိုတဲ့
အားတစ်ခုတည်းနဲ့ပဲ
မမောနိုင်အောင်
ပြေးခဲ့တဲ့ခရီး
ဟော ခုတော့
တော်တော်ကြီးတောင်
ရောက်ခဲ့ပါပြီ အမေ။
အမေ့ကို သတိရ
ရွာပြန်လို့ လွမ်းကြတဲ့အခါ
ရွာဝက ပိတောက်ပင်ကြီး
ဆီးလို့သာ ပြုံးပြ
မောရာက ပျော်တယ်အမေ။
သည်မြေ သည်ရေ
သည်ယာမြေ စပါးတောမှာ
ပျော်မောခဲ့တဲ့ အမေ့ရဲ့မေတ္တာတရား
ဟော ခုထိ
သင်းသင်းလေးတောင်
ရှိသေးတာပါလား
ကျောင်းကြီးရယ်အို
ဆည်းလည်းသံ တချိုချိုနှင့်
ကပိုကယို ပွေ့ဖက်
မမေ့ရက်နိုင်တဲ့ အမေ့ရွာ
အမေ့မေတ္တာတွေ လွှမ်းလို့လေ။
ပြောလို့မကုန်တာ
အမေ့စကား
စီးဆင်း မကုန်တာ
အမေ့ မေတ္တာတရား
သားစားချင်တယ်ဆိုလို့
ရွာလယ်ကြားက သင်္ဘောပင်
လူမမြင်ခင် ရုတ်တရက်
ခိုးဝှက်ထွက်ပြေး
"ဟေး သူခိုး" ဆိုပြီး ဝိုင်းရိုက်
ငိုက်ဆိုက်လဲနေတဲ့
အမေ့ရင်ခွင်
သားစားချင်ရှာတဲ့
သင်္ဘောသီးလေးတစ်လုံးပေါ့။
ရိုက်သူက သား
ရင်ခွင်ကြားမှာဝှက်ထားတဲ့
သင်္ဘောသီးနဲ့ အမေ
ဘယ်လောက်
ကြေကွဲနေလိုက်ရှာလိမ့်မလဲ
သားရင်ထဲက နင့်တယ်အမေ
သည်ဇာတ်လမ်းလေးကြားဖူး
မေတ္တာလူးတဲ့အမေ့ကို
သားဦးမချဘဲ
မနေနိုင်ပါဘူးအမေ။

ဆရာတော်ရေးထားတဲ့ ကဗျာကိုဖတ်ပြီး နားလည်ခံစားနိုင်ကြပါစေ။
ဇာတ်လမ်းအကြောင်းရေးထားတဲ့ အပိုဒ်ကိုတော့ မူရင်းဇာတ်လမ်းကို မကြားဖူး မနာဖူးရင် နားလည်နိုင်မယ်မထင်ဘူး။
ဆရာတော်ရဲ့အပြောအဟောက ကောင်းလွန်းတော့ ကျွန်တော်ဆိုရင် အဲ့ဒီဇာတ်လမ်းကို နာကြားရင် မျက်ရည်ကျမိတယ်။
ဇာတ်လမ်းအကျဉ်းကတော့
ရွာတစ်ရွာမှာ မုဆိုးမအမေအိုကြီးတစ်ယောက်နဲ့ သားလူပျိုပေါက် ၁၈ ၁၉ အရွယ်လူလိမ္မာလေးနှစ်ယောက်တို့ဟာ ခနော်နီ ခနော်နဲ့ ယိုင်တိုင်တိုင် တဲပုတ်လေးထဲမှာ ဆင်းရဲချို့တဲ့စွာနေထိုင်ကြပါတယ်။ သူတို့ဘဝဟာ ဆင်းရဲလွန်းလို့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ဘဝဖြစ်ပါတယ်။ သားလူပျိုပေါက်လေးက အတော့်ကိုလိမ္မာရှာပါတယ်။ အသက်မွေးဝမ်းကျောင်းပညာလည်း တစ်ခုမှမယ်မယ်ရရ သင်ကြားခွင့်မရခဲ့လေတော့ သူ့ခမျာရွာထဲမှာ တောက်တောက်တိုမယ်ရ အလုပ်တွေကို လိုက်ရှာပြီး ရတဲ့ငွေနဲ့ အသက်ဆက်ရတာပါ။ အညာဒေသရဲ့ထုံးစံအတိုင်း နေ့လည်ဖက်နေကလည်း အရမ်းကိုပူပြင်းလွန်းလှပါတယ်။ သားလုပ်တဲ့လူက နေ့လည်စာစားဖို့ အလုပ်ခဏနားခဲ့ပြီး အိမ်ကိုပြန်လာပါတယ်။ အိမ်ပြန်ရောက်တော့ အမေ့ကို ဘာစားစရာရှိလဲလို့မေးတော့ ငါ့သားရယ်ပုံမှန်ပဲပေါ့ မင်းမနက်ကချက်သွားခဲ့တဲ့ ထမင်းကြမ်းခဲနဲ့ ငါးပိရေ၊တို့စရာပဲပေါ့လို့ ပြောပြီးထမင်းပွဲပြင်ပေးပါတယ်။ သားကလည်း ဗိုက်စာစာနဲ့စားပြီးတော့ အမေရယ် အညာနေကလည်း ပူလှပါရဲ့ အခုချိန်များ သင်္ဘောသီးမှည့်မှည့်လေး တစ်စိတ်လောက် စားလိုက်ရရင်ကောင်းမှာပဲလို့ ညည်းပါတယ်။ အဲ့အချိန်မှာ အမယ်အိုရဲ့စိတ်ထဲမှာ င့ါမှာဒီလောက်လိမ္မာပြီး မိဘအပေါ်ကျေးဇူးသိတတ်တဲ့ သားလေးတစ်ယောက်ရထားပါရက်နဲ့ သင်္ဘောသီးလေးတစ်စိတ်တလေတောင်မှ မကျွေးနိုင်ဘူးဆိုပြီး အတော်ဝမ်းနည်းရှာသွားပါတယ်။ သားညနေအလုပ်ကပြန်လာတော့ သူတို့အိမ်က ကင်းစောင့်ဖို့အလှည့်ကျပါတယ်။ လူငယ်လည်း ရေချိုး၊ထမင်းစားပြီး အမေ့အတွက် အိပ်ယာပြင်ပေး ရေနွေးကြမ်းပြင်ပေးပြီး ကင်းစောင့်ဖို့ထွက်သွားပါတယ်။ အမယ်အိုကြီးကလည်း အသက်ကကြီးပြီဆိုတော့ နံနက်နာရီပြန် ၁ ချက်ထိုးလောက်မှာ တရေးနိုးပါတယ်။ အဲ့မှာ သူ့အိပ်ယာဘေးမှာ အသင့်ပြင်ပေးထားတဲ့ ရေနွေးကြမ်းအိုးကို ငှဲ့ပြီးသောက်ပါတယ်။ သောက်နေရင်းနဲ့ သူက နေ့လည်ကသားပြောခဲ့တာကို သွားသတိရပါတယ်။ ပြီးတော့ရွာလယ်ထဲက သူကြီးအိမ်ခြံထောင့်သင်္ဘောပင်မှာ သီးနေတဲ့ သင်္ဘောသီးမှဲ့တွေကို သွားပြီး သတိရတယ်။ ငါ့တစ်သက်နဲ့တစ်ကိုယ် ငါးပါးသီလကို လုံအောင်ထိန်းခဲ့တယ်။ ဒါပေမယ့် လိမ္မာတဲ့သားလေးကို သင်္ဘောသီးကျွေးနိုင်ဖို့အတွက် ငါအာဒိန္နာဒါနကံကို ကျူးလွန်အံ့ဆိုပြီး စောင်အမဲကြီးကို ကိုယ်မှာခြုံပြီးတော့ တန်ချူပါတဲ့ ဝါးလုံးကိုထမ်းပြီး ရွာလယ်လမ်းထဲကိုဝင်သွားပါတယ်။ အသက်ကလည်းကြီး မျက်စိကလည်းမှုန်ဆိုတော့ ဒီကြားထဲ ဝါးလုံးကြီးကိုထမ်းထားရသေးတယ်ဆိုတော့ ယိုင်တိယိုင်တိုင်နဲ့ မလဲအောင်ထိန်းပြီး လမ်းလျှောက်သွားတဲ့ပုံကို မျက်စိထဲမြင်ယောင်ကြည့်ကြပေါ့။ သူကြီးခြံထောင့်ရောက် သင်္ဘောသီးကို ဝါးလုံးနဲ့ထိုးချ မရတော့ ဝါးလုံးကိုအပင်မှာမှီထားပြီး ပင်စည်ကိုလှုပ်ချတော့ ကံကောင်းထောက်မပြီး မှည့်နေတဲ့ သင်္ဘောသီးတစ်လုံးကျွေကျ တော့ကောက် ရင်ခွင်ထဲပိုက်ပြီး စောင်ကြီးခြုံလို့ ကုန်းကုန်းနဲ့ အိမ်ကိုပြန်လာတာပေါ့။ ဝါးနှစ်ပြလောက်လည်းရောက်ရော စောစောကမှီထားတဲ့ ဝါးလုံးကလဲပြီး သူကြီးအိမ်ခေါင်မိုးကို ဒိုင်းခနဲသွားရိုက်တော့ သူကြီးလည်းလန့်နိုးပြီး သံချောင်းခေါက် "ဟေ့ သူခိုး ဟေ့ သူခိုး" ဆိုပြီးအော်တာပေါ့။ ရွာသားတွေကလည်း သူကြီးအိမ်ကိုတောင် ကပ်ရဲတဲ့သူခိုးမိလို့ကတော့ အသေပဲဆိုပြီး ဓါးတွေ၊လှံတွေကိုင်ပြီးလိုက်ကြတာပေါ့။ အမယ်အိုကြီးက အိမ်ကလည်း ရောက်ခါနီးပြီ အနောက်မှာကလည်း လိုက်လာကြပြီဆိုတော့ သူလည်းသင်္ဘောသီးကြီးပိုက် စောင်ကြီးခြုံပြီး ကုန်းကုန်းနဲ့ ခက်သွက်သွက်ပြေးတာပေါ့။ ကံဆိုးစွာပဲ အရှေ့တည့်တည့်မှာ ကင်းလှည့်တဲ့အဖွဲ့နဲ့တိုးပြီး ကင်းသမားတစ်ယောက်က ဝါးရင်းတုတ်နဲ့ရိုက်ထည့်လိုက်တာ ခေါင်းမှာသွေးတွေကိုဖြာခနဲထွက်ပြီး လမ်းပေါ်ကို ခွေခွေလေးလဲကျသွားတယ်။ အမယ်အိုရဲ့သားလူငယ်က ဒီနေ့သူကခေါင်းဆောင်ပြီး တာဝန်ကျတဲ့နေ့ဆိုတော့ ဒီသူခိုးကိုငါပဲရှင်းမယ်ဆိုပြီး အနီးကပ်သွား ဒူးထောက်ပြီး စောင်ကိုလည်းဖယ်လိုက်ရော ရင်ခွင်ထဲမှာ သင်္ဘောသီးပိုက်ထားတဲ့ သူ့အမေကို တွေ့ရပါတယ်။ အမယ်အိုက သူသားလည်းမြင်ရော တစ်လောကလုံးက ရှိသမျှလူတွေ ငါ့ကိုသူခိုးလို့ဝိုင်းပြောကြပါစေ၊ မင်းတော့ ငါ့ကိုသူခိုးဆိုပြီးမစွပ်စွဲလိုက်ပါနဲ့ ဆိုပြီး သင်္ဘောသီးကို သားလက်ထဲထည့်ပြီး ခေါင်းငိုက်စိုက်ကြကာ အသက်ဆုံးပါးသွားရရှာပါတယ်။ အလွန်ဝမ်းနည်းဖို့ကောင်းတာက စောစောကအမယ်အိုကို ရိုက်လိုက်တဲ့ကင်းသမားက အမယ်အိုရဲ့သားလူငယ်ဖြစ်နေတာပါပဲ။
အဲ့ဒီဇာတ်လမ်းလေးကိုကြားလိုက်ရတော့ စာရေးသူရင်ထဲ အမေ့မေတ္တာကို ဦးမချပဲမနေနိုင်ဘူးဆိုတဲ့အကြောင်းကိုဆက်ဆိုထားခြင်းဖြစ်ပါတယ်။
ဆရာတော်က မိဘကျေးဇူးဆက်ဖို့ ခက်ကြောင်းကိုလည်းဟောကြားပါတယ်။ အချက် ၅ ချက်ရှိပါတယ်။
၁။ သူလည်းရှိပါမှ
၂။ ကိုယ်လည်းရှိပါမှ
၃။ ပစ္စည်းလည်းရှိပါမှ
၎။ စေတနာလည်းရှိပါမှ
၅။ ကိုယ့်အပေါ်လည်းမှီခိုပါမှ
ဆိုတဲ့အချက် ၅ ချက်ပဲဖြစ်ပါတယ်
ထိုကဲ့သို့ ဆက်ရခက်သောမိဘကျေးဇူးကို ဆက်နိုင်သော သားကောင်းရတနာ သမီးကောင်းရတနာများ ဖြစ်နိုင်ကြပါစေ။

အမြဲလေးစားလျှက်
စိုးမိုးသိန်း

ကောင်းနိုးရာရာ စာအုပ်လေးတွေပါ

အောက်ပါ link များမှ Download ရယူနိုင်ပါသည်
http://www.mediafire.com/?nmwtzmqwezt=တာရာမင်းဝေ(မိုးခေါင်လို့ တီးတဲ့ဗုံသံနှင့်အခြားကဗျာများ)
http://www.mediafire.com/?omz1jtwxcmo = ဇော်ဂျီ ဗေဒါလမ်းကဗျာစု
http://www.mediafire.com/?tn2fgc2uos5    =ဇော်ဂျီ  ညီသစ်ဆင်း ကဗျာစု
http://www.mediafire.com/?cndmzhzgyly    = ဇ၀န  ဆိုးပေ-၁
http://www.mediafire.com/?e2mmhonjgew = ဇ၀န  ဆိုးပေ-၂
http://www.mediafire.com/?50o3yvnkqmm = ဇ၀န  ဆိုးပေ-၃
http://www.mediafire.com/?yojymyyjumo   = ငွေကြည် (အူလှိုက်သည်းလှိုက်ဟာသ)
http://www.mediafire.com/?25atcoym5km  = အောင်ဆန်းစုကြည် (ကြာက်ရွံ့ခြင်းမှလွတ်ကင်းရေး)
http://www.mediafire.com/?jflahzynzdz      = အောင်ဆန်းစုကြည်( မြန်မာပြည်ကလာတဲ့ စာ)
http://www.mediafire.com/?hjgnzy5naiq     = ဒေါက်တာဘမော် (ဗမာ့လက်ငင်းလွတ်လပ်ရေး) 
http://www.mediafire.com/?mdojumyzkj1   = ဖေမြင့်  (ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်)
http://www.mediafire.com/?nidtgyzyiiz       = ဗဂျီအောင်စိုး (စာမဲ့ ကဗျာ)

မေတ္တာရှင် (ရွှေပြည်သာ)

ထောင်ကိုကြောက်စရာမလို ဒုစရိုက်မှုများကိုသာကြောက်ရမည်
အပါယ်လေးပါးကိုကြောက်စရာမလို အကုသိုလ်ကံများကိုသာကြောက်ရမည်
ရုပ်ပွားစေတီများကိုကြောက်စရာမလို ထိုရုပ်ပွားစေတီများကို မရိုမသေပြုလုပ်သောစေတနာဆိုးကိုသာ ကြောက်ရမည်
ရုပ်ပွားစေတီက ခိုက်ခြင်းမဟုတ် စိတ်ဆိုး စေတနာဆိုး ကသာခိုက်ခြင်းဖြစ်သည်

Sunday, May 27, 2012

ခေတ်သစ်ရည်းစားစာ(ဟာသနော် တကယ်ထင်မနေနဲ့ )


ကွန်ပျူတာနည်းပညာလေ့လာလိုတဲ့ သူငယ်ချင်းများအတွက်စာအုပ်များ

အောက်က link များမှ Download ရယူနိုင်ပါသည်
http://www.madiafire.com/?qnji1uh2qnj   = ကွန်ပျူတာအကြောင်းအသေးစိတ်သိစရာ
http://www.madiafire.com/?dluzztilwmb   = ဒီစာအုပ်ဖတ်ပြီးမှ ကွန်ပျူတာပြင်ပါ
http://www.madiafire.com/?zxjnayfxynw  = ကွန်ပျူတာတပ်ဆင်ပြုပြင်ထိန်းသိမ်းနည်း
http://www.madiafire.com/?ksqsyeashheupib =အကောင်းဆုံးကွန်ပျူတာပြုပြင်ခြင်း အခြေခံနည်းစနစ်
http://www.madiafire.com/?qndaxgdede0    = ကွန်ပျူတာအမေးအဖြေ
http://www.madiafire.com/?wswd9ayna1t    = ကွန်ပျုတာပြုပြင်ထိန်းသိမ်းခြင်းနှင့်...
http://www.madiafire.com/?z0jmgzdyggq    = ကွန်ပျူတာအဆင့်တိုးမြှင့်ခြင်းနှင့်....
http://www.madiafire.com/?dzsiyudsbh3  = သတင်းအချက်အလက်ဆက်သွယ်ရေးစနစ်
http://www.madiafire.com/?twnftxnvxtr   = ကွန်ပျူတာသုံးစွဲသူတိုင်းအတွက် အင်္ဂလိပ်စာ
http://www.madiafire.com/?njiycdz4htw  = တီထွင်မှုမှော်ဝိဇ္ဇာကြီး အယ်လ်ဖာအယ်ဒီဆင်
http://www.madiafire.com/?cigqtwgskzx  =တီထွင်မှုများ
http://www.madiafire.com/?wymogtik4cu = သိပ္ပံနှင့်နည်းပညာ

Gtalk နှင့်ပတ်သက်သမျှ download ရယူနိုင်သောစာအုပ်များ

အောက်ဖော်ပြပါ link များမှ download ရယူနိုင်ပါသည်
http://www.mediafire.com/?ememzwhndzm = Gmail ရဲ့လျှို့ဝှက်ချက်တွေသိချင်ရင်
http://www.mediafire.com/?noziemyl5yj      = Gtalk နှင့် ပတ်သက်သမျှ
http://www.mediafire.com/?050ltj4kgkd      = လွယ်ကူစွာ Gmail နှင့် Gtalk အသုံးပြုနည်း
http://www.mediafire.com/?yyyzjylj2gy       = google ၏လျှို့ဝှက်ချက်များ

Saturday, May 26, 2012

စွယ်စုံအလှ


ငါ့ညီပြောင်ဝင်းမောင်သစ်ဆင်း
မင်း၏သားငယ် သက်နှစ်ဆယ်သည်
ဘယ်ပညာမှာတော်သနည်း။
တော်သည့်ခြင်းရာ ဆိုသည်မှာကား
လက်ရာဆန်းသစ် ခေတ်မှီဆန်းပြား
တိုင်းခြားနည်းစုံ အဖုံဖုံကို
တတ်ရုံမျှဖြင့် မပြီးသေး။
တို့မြေ တို့ရေ တို့အခြေနှင့်
တို့ငွေ တို့အား တို့စိတ်ထားနှင့်
စည်းဝါးကိုက်ညီ ညှိကြံစည်မှ
တော်သည်ယူဆ စွယ်စုံလှ။     
                        ဇော်ဂျီ(အောက်တိုဘာ ၁၉၆၄)
                ရှေ့ဆောင်လူငယ် အတွဲ ၁၊ အမှတ် ၃

စွမ်းရည် အလှ



ငါ့ညီပြောင်ဝင်း ၊ မောင်သစ်ဆင်း
မင်း၏သားငယ် ၊ သက်နှစ်ဆယ်သည်
ဘယ်ပညာမှာ စွမ်းသနည်း ။
စွမ်းသည့်ခြင်းရာ ၊ ဆိုသည်မှာကား
စာတွေ့သက်သက် ၊ စာမာန်တက်၍

စာထွက်များလျား ၊ စကားတွတ်တွတ်
ရွတ်တတ် အံ့ဘနန်း ၊ သည်အစွမ်းသည်
စွမ်းရည်မဆို ၊ သူ့ကိုယ်ကျိုး ။
စာတွေ့အသိ ၊ ကိုယ်တွေ့ညှိ၍
 မှန်၏ ကောင်း၏ ၊ ဥာဏ်ဖြင့်သိ၍
 သတိထိန်းချုပ် ၊ စိတ်ကောင်းအုပ်၍
 အလုပ်ချစ်ခင် ၊ ဂုဏ်ဟုမြင်၍
 လိုချင်ကြိုးပမ်း ၊ သည်အစွမ်းသည်
စွမ်းရည်မိုးထိုး အများကျိုး။       ။
                        ဇော်ဂျီ(သြဂုတ် ၁၉၆၄)
                ရှေ့ဆောင်လူငယ် အတွဲ ၁၊ အမှတ် ၁

Friday, May 25, 2012

 ထားခဲ့တဲ့ ဝေဒနာ.......
 ပေးခဲ့တဲ့  ဒဏ်ရာ........
 အဲဒါ နာကျင်မှုတွေ ထွေးပိုက်ပြီး မသေရုံပါပဲ...........
 မင်းရဲ့အပြင်းဆုံးအမုန်းကြောင့်
.........
 နှလုံးသားတခု ကျရှုံးခဲ့တာ မင်းခြေရင်းမှာပဲ နလန်မထူနိုင်ခဲဘူး......
 အမှတ်စဉ်တစ်ရာထိရေတွက်ရင် လှုပ်နိုင်ဦးရဲ့ .........
 နှစ်သိပ်ဆုတောင်မရခဲ့တဲ့ငါ.....နောက်ဆုံး
 အမုန်းတွေနဲ့ပေါ့................
၁။ ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ ၃-ပါး
၁။ အသေ၀နာစ ဗာလာနံ=လူဆိုးလူမိုက်ကို မမှီဝဲမပေါင်းသင်းရခြင်း
၂။ ပဏ္ဍိတာနဉ္စ သေ၀နာ =ပညာရှိလူလိမ္မာကို မှီဝဲပေါင်းသင်းရခြင်း
၃။ ပူဇာစ ပူဇနေယျာနံ =ပူဇော်ထိုက်သော သူတို့ကိုပူဇော်ရခြင်း
ဧတံမင်္ဂလမုတ္တမံ =ဤသုံးပါးသည် မြတ်သောမင်္ဂလာမည်၏။

၂။နေရေးထိုင်ရေးမင်္ဂလာ ၃-ပါး
၎။ ပတိရူပ ဒေသ၀ါသော စ=သင့်လျော်သောအရပ်၌နေရခြင်း
၅။ ပုဗ္ဗေစ တကပုညဘာ =ရှေး၌ပြုဖူးသော ကောင်းမှုအထူးရှိခြင်း
၆။ အတ္တသမ္မာပဏိဓိ စ =မိမိ၏ကိုယ်စိတ်နှစ်ပါးကို စောင်ထိန်းခြင်း
ဧတံမင်္ဂလမုတ္တမံ =ဤသုံးပါးသည် မြတ်သောမင်္ဂလာမည်၏။

၃။ သင်ကြားရေးမင်္ဂလာ ၄-ပါး
၇။ ဗာဟုသစ္စဉ္စ =လောကီလောကုတ် အကြားအမြင်များခြင်း
၈။ သိပ္ပဉ္စ =စက်မှုလက်မှုအတတ်တို့ကို တတ်ရခြင်း
၉။ဝိနယောစသူသိက္ခိတော=လူနှင့်ဆိုင်ရာကျင့်ဝတ်များကိုကောင်းစွာ သင်ကြား နားလည်ခြင်း
၁၀။ သုဘာသိတာစ ယာဝါစ=အပြောအဆိုချိုသာယဉ်ကျေးခြင်း
ဧတံမင်္ဂလမုတ္တမံ =ဤလေးပါးသည် မြတ်သောမင်္ဂလာမည်၏။

၎။ ပြုစုရေးမင်္ဂလာ ၃-ပါး
၁၁။ မာတာပီတု ဥပဋ္ဌာနံ =မိဘ ၂ပါးကို လုပ်ကျွေးပြုစုခြင်း
၁၂။ ပုတ္တဒါရဿ သင်္ဂဟော =သားမယားတို့ကို တရားနှင့်အညီလုပ်ကျွေးခြင်း
၁၃။ အနာကုလာစ ကမ္မန္တာ =အနှောက်အရှက်ကင်းသော အလုပ်ကို လုပ်ကိုင်ခြင်း
ဧတံမင်္ဂလမုတ္တမံ =ဤသုံးပါးသည် မြတ်သောမင်္ဂလာမည်၏။

၅။ လိုက်နာကျင့်သုံးရေးမင်္ဂလာ ၄-ပါး
၁၄။ ဒါနဉ္စ =စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း
၁၅။ ဓမ္မစရိယာ =သုစရိုက်တရားကိုကျင့်ခြင်း
၁၆။ ဥာတကာနဉ္စသင်္ဂဟော =ဆွေမျိုးတို့အား ထောက်ပံ့ကူညီခြင်း
၁၇။ အန၀ဇ္ဇာနိ ကမ္မာနိ =အပြစ်ကင်းသော အမှုတို့ကိုပြုရခြင်း
တေံမင်္ဂလမုတ္တမံ =ဤသုံးပါသည် မြတ်သောမင်္ဂလာမည်၏။

၆။ ရှောင်ကြဉ်ရေးမင်္ဂလာ ၄-ပါး
၁၈။ အာရတီ =မကောင်းမှုမဖြစ်အောင် စိတ်ဖြင့်ရှောင်ခြင်း
၁၉။ ၀ိရတီပါပါ =မကောင်းမှုမဖြစ်အောင် ကိုယ်နှုတ်ဖြင့် ရှောင်ခြင်း
၂၀။ မဇ္ဇပါနာစ သံယမော =မှုးယစ်သေစာ မသောက်စားခြင်း
၂၁။ အပ၌မာဒေါစ ဓမ္မေသု =ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်း
ဧတံမင်္ဂလမုတ္တမံ =ဤလေးပါးသည် မြတ်သောမင်္ဂလာမည်၏။

ရ။ စိတ်ထားရေးမင်္ဂလာ ၅-ပါး
၂၂။ ဂါရဝေါစ = ရိုသေထိုက်သောသူတို့ကို ရိုသေရခြင်း
၂၃။ နိဝါတောစ =မိမိကိုယ်ကို နှိမ်ချရခြင်း
၂၄။ သန္တုဋ္ဌိစ =ရောင့်ရဲလွယ်ခြင်း(လောဘအပိုအလိုမလိုက်ခြင်း)
၂၅။ ကတညုတာ =သူတစ်ပါးကျေးဇူးကိုသိခြင်း
၂၆။ ကာလေနဓမ္မဿဝနံ =သင့်လျော်သောအခါ တရားနာခြင်း
ဧတံမင်္ဂလမုတ္တမံ =ဤငါးပါးသည် မြတ်သောမင်္ဂလာမည်၏။

၈။ သည်ခံရေးမင်္ဂလာ ၄-ပါး
၁၇။ ခန္တီစ =သည်းခံရခြင်း
၂၈။ သောဝစ္စဿတာ =ဆုံးမလွယ်ရခြင်း
၂၉။ သမဏာနဉ္စဒဿနံ =ရဟန်းသံဃာတို့အား ဖူးမျှော်ရခြင်း
၃၀။ ကာလေနဓမ္မသာကစ္ဆာ =သင့်လျော်သောအခါ တရားဆွေးနွေးခြင်း
ဧတံမင်္ဂလမုတ္တမံ =ဤလေးပါးသည် မြတ်သောမင်္ဂလာမည်၏။

၉။ခြိုးခြံချွေတာရေးမင်္ဂလာ ၄-ပါး
၃၁။ တပေါစ =ခြိုးခြံချွေတာခြင်း
၃၂။ ဗြဟ္မရိယဉ္စ =မြတ်သောအကျင့်ကို ကျင့်ခြင်း(မေထုန်မှရှောင်ခြင်း)
၃၃။ အရိယာသစ္စာနဒဿနံ =သစ္စာလေးပါးကို သိခြင်း
၃၄။ နိဗ္ဗာန သစ္ဆိကိရိယာစ =နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း
ဧတံမင်္ဂလမုတ္တမံ =ဤလေးပါးသည် မြတ်သောမင်္ဂလာမည်၏။

၁၀။ စိတ်ထားခိုင်ခံ့ရေးမင်္ဂလာ ၄-ပါး
၃၅။ ဖုဋ္ဌဿနကမ္ပတိ =လောကဓံတရားနှင့် တွေ့ကြုံသောအခါ၊
၃၆။ အသောကံ =မစိုးရိမ်ခြင်း
၃၇။ ၀ိ၇ဇံ =ကိလေသာမြူကင်းခြင်း
၃၈။ ခေမံ =ဘေးကင်းခြင်း
တံမင်္ဂလမုတ္တမံ ဤလေးပါးသည် မြတ်သောမင်္ဂလာမည်၏။
မှတ်ချက်။ ။ ၁ မှ ၃၁ အထိ လောကီမင်္ဂလာ၊ ကျန် ၆-ပါး လောကုတ္တရာမင်္ဂလာ၊ ၁ မှ ၃၃
အထိ အကြောင်းမင်္ဂလာ၊ ကျန် ၅-ပါး အကျိုးမင်္ဂလာဟု မှတ်ပါ
ရဲခဲသည်ပါ့
ဲမြစ်ကမ်းမှာတဲ့  လေကြမ်းဆင် ။
ထန်လိုက်လေ လေမုန်တိုင်း
လှိုင်းကဘောင်ဘင်... ။
တစ်လှိုင်းထွက် တစ်လှိုင်းဝင် ၊ ဗေဒါပင်ဖြစ်နဲ ။
ရေလှိုင်း ဗလပွေနဲ့ 
မုန်တိုင်းလေ ရေတစ်ရိုးမှာ ၊ စိုးရွံ့မှာပဲ ။
မြစ်ရိုးမှာတဲ့  မိုးသက်ဆင် ၊
လျှပ်ကြိုးပျံ မိုးသံထစ် ၊ မိုးစစ်ဘုရင် ။
မိုးညစ်လို့  ၊ မြစ်မမြင် ၊ ဗေဒါပင်ဖြစ်နဲ ။
ရေလှိုင်း ဗလပွေနဲ့ 
မိုးသက်လေ ရေတစ်ရိုးမှာ ၊ စိုးရွံ့မှာပဲ ။
စိုးမရွံ့ တွန့်မတုန် ၊
မိုးနှင့် လေ ရေရှုပ်ထွေး ၊ ရွေးမျှမဖြုံ ။
ဆန်လိုက်ပြန်တုံ ၊ စုန်လိုက်ပြန်ရ ။
ခေါက်ပေါင်း မရေနိုင်လို့  ၊
ဗေဒါခိုင် သည်မြစ်ထဲ ၊ ရဲခဲသည်ပါ့  ။ ။
                             ဇော်ဂျီ