Pages

Friday, May 25, 2012

ရဲခဲသည်ပါ့
ဲမြစ်ကမ်းမှာတဲ့  လေကြမ်းဆင် ။
ထန်လိုက်လေ လေမုန်တိုင်း
လှိုင်းကဘောင်ဘင်... ။
တစ်လှိုင်းထွက် တစ်လှိုင်းဝင် ၊ ဗေဒါပင်ဖြစ်နဲ ။
ရေလှိုင်း ဗလပွေနဲ့ 
မုန်တိုင်းလေ ရေတစ်ရိုးမှာ ၊ စိုးရွံ့မှာပဲ ။
မြစ်ရိုးမှာတဲ့  မိုးသက်ဆင် ၊
လျှပ်ကြိုးပျံ မိုးသံထစ် ၊ မိုးစစ်ဘုရင် ။
မိုးညစ်လို့  ၊ မြစ်မမြင် ၊ ဗေဒါပင်ဖြစ်နဲ ။
ရေလှိုင်း ဗလပွေနဲ့ 
မိုးသက်လေ ရေတစ်ရိုးမှာ ၊ စိုးရွံ့မှာပဲ ။
စိုးမရွံ့ တွန့်မတုန် ၊
မိုးနှင့် လေ ရေရှုပ်ထွေး ၊ ရွေးမျှမဖြုံ ။
ဆန်လိုက်ပြန်တုံ ၊ စုန်လိုက်ပြန်ရ ။
ခေါက်ပေါင်း မရေနိုင်လို့  ၊
ဗေဒါခိုင် သည်မြစ်ထဲ ၊ ရဲခဲသည်ပါ့  ။ ။
                             ဇော်ဂျီ

No comments: