Pages

Saturday, May 26, 2012

စွယ်စုံအလှ


ငါ့ညီပြောင်ဝင်းမောင်သစ်ဆင်း
မင်း၏သားငယ် သက်နှစ်ဆယ်သည်
ဘယ်ပညာမှာတော်သနည်း။
တော်သည့်ခြင်းရာ ဆိုသည်မှာကား
လက်ရာဆန်းသစ် ခေတ်မှီဆန်းပြား
တိုင်းခြားနည်းစုံ အဖုံဖုံကို
တတ်ရုံမျှဖြင့် မပြီးသေး။
တို့မြေ တို့ရေ တို့အခြေနှင့်
တို့ငွေ တို့အား တို့စိတ်ထားနှင့်
စည်းဝါးကိုက်ညီ ညှိကြံစည်မှ
တော်သည်ယူဆ စွယ်စုံလှ။     
                        ဇော်ဂျီ(အောက်တိုဘာ ၁၉၆၄)
                ရှေ့ဆောင်လူငယ် အတွဲ ၁၊ အမှတ် ၃

No comments: