Pages

Thursday, June 28, 2012

နေ့သစ်

ညဥ့်အမှောင်ရိပ်ဝယ်
မှေးမှိတ်လျောင်းကာ၊ အိပ်ပျော်ရာမှ
ငါ့မှာကောင်းဆိုး၊ အမျိုးမျိုးပင်
လွှမ်းမိုးအိပ်မက် မက်နေ၏......။
ညဉ့် အမှောင်ဆုံး၍
နေလုံးပြူကာ၊ ပေါ်ထွက်လာသော်
မာတာမိမြတ်၊ ဆွမ်းတော်ကပ်လျက်
မြတ်ရှင်ဗုဒ္ဓ၊ ဦးနှိမ်ချ၍
အမျှဝေသံ ကြေးစည်သံတို့ 
ငါ့ ထံ ငါ့ နား တိုးဝင်ကြားမှ
ငါကား နိုးထလေတော့ သည်......။
နိုးထလိုက်မှ
ဘ၀လက်တွေ့ ၊ ငါကြုံတွေ့ တည့်
ချမ်းမြေ့ပ၀င်း၊ နံနက်ခင်း၏
ရှုခင်းအလှ၊ ခံစားရ၍
လောကဘုံသား၊ ရှင်လူများနှင့်
လှုပ်ရှားဆက်ဆံ၊ အားသစ်ဖန်လျက်
စွမ်းဉာဏ်အသစ်၊ တစ်ဖန်ဖြစ်သည်
နေ့သစ်ကိုလျှင် ကြိုမိတကား။      ။
                                          မင်းယုဝေ


Tuesday, June 26, 2012

မျှော်လင့် ချက်

ရင်ထဲမှာမီးတောင်
အလွမ်းသောင်တို့ နဲ့ 
ဘ၀ကိုမဖြတ်ခိုင်းပါနဲ့ .....။
ကြင်နာတတ်ရင်
ရင်ထဲကအလွမ်း
မျှော်လင့် ချက် ပန်းမနွမ်းဖို့ 
ရှင်သန်ခွင့် ကိုပေးသနားခဲ့ ပါ....။