Pages

Tuesday, September 29, 2009

သိုလှောင်ခြင်း

မေတ္တာဆိုတဲ့  ပန်းနုလွှာ
သိမ်းဆည်းကာ ရင်မှာစု
ဘယ် သူ့ အတွက်လည်း.....
မဆင်ရဲသူမို့ 
ရင်ထဲက ပန်းတွေစု
သူ့ အတွက်ပါပဲ.....
စကားဆိုတဲ့ ငှက်ညိုပြာ
နားနေကာနှုတ်မှာစု
ဘယ်သူအတွက်လည်း...
တေးသီစမ်းမယ်လို့ 
နှုတ်ခမ်းမှာငှက်ပြာနု
သူ့ အတွက်ပါပဲ......
မျက်ရည်ဆိုတဲ့ ပုလဲသွယ်
မျက်ဝန်းဝယ်သိမ်းကာစု
ဘယ်သူ့ အတွက်လည်း....
သူကစိမ်းလေတော့ 
မငြိမ်းနိုင်အပူဆို့ မယ့် 
ကိုယ်အတွက်ပါပဲ.....

ကျွန်တော်ကြိုက်တဲ့ ကဗျာလေးတစ်ပုဒ်ပါ

တကယ်မဝေးပေမယ့် 
စံပယ်လေးတွေခြောက်ပြီလေ
မခေါ်သာအတွေ့ ခက်
နေ့ ရက်တာရှည်
ပွင့် သစ်တို့ တဝေေ၀
ပွင့် ကြွေတို့ တဖွေးဖွေး....
အသက်တမျှချစ်ပါရဲ့ 
လက္ခဏအဖြစ်လို ပွဲမ၀င်ထိုက်သူမို့ 
ကျွမ်းမြိုက်ဆူ အခန်းရှည်ဇာတ်မှာလည်း
ပန်းကြိုက်သူလွမ်းနေတတ်အောင်လို့ 
အမှတ်တရကွယ်ခြေရာချန်သလား
ဝေဒနာဒဏ်တမြည့် မြည့် အဆွေးတွေနဲ့ 
မရေရာပြန်တစေ့ စေ့ တွေးတော့ မှ
အချစ်ရယ်....တစ်နေ့ ထက်တစ်နေ့ ဝေး.....

Saturday, September 19, 2009

တဂိုး ရဲ့ ကဗျာလေးတစ်ပုဒ် ပါ

Where the mind in without fear and head is held high
Where knowledge is free
Where the world has not been broken up into fragments.....
My father ,let my country awake
Rabindranath Tagore
ကြောက်စိတ်ကင်း ဦးခေါင်းကိုမော့ 
အသိပညာ လွတ်လပ် စွာထား
လောကတစ်လွှား အပိုင်းပိုင်း မတားသော နေရာတွင်
အိုဖခင် ၊ အကျွန်ုပ်နိုင်ငံတော်ကိုနိုးပါတော့ 
ရာဗိဒြာနသ် တဂိုး

တာရာမင်းဝေ (ကောင်းကင်အကြွကောက်တဲ့ လက်)

တစ်နေ့ ပြီးတစ်နေ့ ဆိုနေရတဲ့ သီချင်းပေမယ့် မပျင်းပါဘူး
ဘ၀ကခြေဆင်းထိုင်ရုံလေးနဲ့ တော့  အဲဒီလို မပြောကြပါနဲ့ 
တောင်စွယ်မှာနေကွယ်တာကိုမြင်သားပဲ ဘာဖြစ်လည်း....
အဲဒီ ဓားကမလွဲခဲ့ ဘူးဆိုရင်တောင်
ငါကလည်းမပြိုလဲခဲ့ ပါဘူးကွယ်။
ကျောင်းဆင်းခေါင်းလောင်းသံကိုမကြားရတာကြာပြီ
တစ်ယောက်တစ်လမ်းစီ မသွားရတာလည်းကြာပြီ။
ကိုယ်ကတခြား သူကတခြားဖြစ်ခဲ့ ကြပေမယ့် 
ဘယ်သူမှမလွဲမှားခဲ့ ကြတာလည်းကြာပြီ။
ဘာတွေဖြစ်ခဲ့ ဖြစ်ခဲ့ 
ဘယ်သူတွေဘယ်လိုပြောပြော
ငါ့ အတွက်တော့ 
နေသံ လသံ ရောနှောနေခဲ့ တာလည်းကြာပြီ။

အသက်သည်အိပ်မက် (ထူးအိပ်သင်ရေးဖွဲ့ ခဲ့ သောကဗျာ)

အိပ်မက်သည်သူ
သူသည်အသက်ဖြစ်စေ
ဆောင်းနှောင်းလျှင်နွေဦးဧ။်
နွေဦးတွင် နှင်းကြွင်းသည်။
နှင်းကြွင်းပြယ်သော်လည်း
သစာကြွင်းစေ
မြတ်နိုးခြင်း ကြွင်းစေ

ကျွန်တော်ကြိုက်သောကဗျာလေးတစ်ပုဒ်

Dream,Dream,Dream
Dreams transform into thoughs
And thoughs result in action
                           APJ Abdul Kalam
အိပ်မက် အိပ်မက် အိပ်မက်
မက်လိုက် စမ်းပါအိပ်မက်
အိပ်မက်က အကြံဖြစ်ပြီး
အကြံကအလုပ်ဖြစ်လာတယ် မဟုတ်လား
                           အိန္ဒိယသမ္မတကြီး အဗဒူကလမ်

ကောင်မလေး

ကောင်မလေး
လက်တွဲလို့ အတူလျောက်
နွေကန္တာရအောက်
လိုက် ခဲ့ ဖို့ ခေါ်ချင်တယ်....
အားငယ်ချိန်ဖေးကူ
ဘ၀ရဲ့ အပူတွေလည်း
မျှဝေလို့  အတူပျော်မြူး
ယုယမှုတွေပေးဖူးချင်တယ်.....
ဆူးတောနဲ့ နေအပူအောက်
်ဒူးထောက်လို့ ခေါင်းမငုံပဲ
လျှောက်လှမ်းသမျှပြေပြစ်ဖို့ 
မင်းလိုက် ခဲ့ မှာလား ........
                      ဖြိုးဇော်