မေတ္တာဆိုတဲ့  ပန်းနုလွှာ
သိမ်းဆည်းကာ ရင်မှာစု
ဘယ် သူ့ အတွက်လည်း.....
မဆင်ရဲသူမို့ 
ရင်ထဲက ပန်းတွေစု
သူ့ အတွက်ပါပဲ.....
စကားဆိုတဲ့ ငှက်ညိုပြာ
နားနေကာနှုတ်မှာစု
ဘယ်သူအတွက်လည်း...
တေးသီစမ်းမယ်လို့ 
နှုတ်ခမ်းမှာငှက်ပြာနု
သူ့ အတွက်ပါပဲ......
မျက်ရည်ဆိုတဲ့ ပုလဲသွယ်
မျက်ဝန်းဝယ်သိမ်းကာစု
ဘယ်သူ့ အတွက်လည်း....
သူကစိမ်းလေတော့ 
မငြိမ်းနိုင်အပူဆို့ မယ့် 
ကိုယ်အတွက်ပါပဲ.....
No comments:
Post a Comment