Pages

Thursday, October 15, 2009

ပြာလွန်းတဲ့ ည

မိုးသည်းတွေထန်
လေရှိုင်းကဆန်နေ လို့ 
ငြိမ်းချမ်းခြင်းဆိုတဲ့ 
အပြာရောင်ရဲ့ သင်္ကေတတောင်
အရောင်တွေ စွန်းသွားခဲ့ ပြီ......
ပန်းနုဆီနှုတ်ခမ်းသားနဲ့ 
ဟိုတစ်ချိန်က
ငါတပ်မက်တဲ့ အနမ်းတွေတောင်
ဒီညမှာ
အရောင်တွေထွေးယှက်
အမှောင်တေါပွေ့ ဖက်လို့ 
မှုန်ရီေ၀၀ါးသွားခဲ့ ရပြီ..........။
                         ဖြိုးဇော်

A tear Fell

I shed a tear today
Silentlly,I felt it fall
you cought it
shared it
held it
felt it
then
suddently
it wasn't
so big
after all.....
            Marge Tindal

ဒီနေ့ ....ငါတိတ်တခိုး မျက်ရည်တစ်စက်ကျမိတယ်
မင်းက...အမှတ်မထင် မြင်သွားတယ်
မင်း မျှဝေယူတယ်
မင်း ထိန်းသိမ်းထားတယ်
မင်း ခံစားတယ်
အဲဒီနောက်တော့ 
ရုတ်တရက်ဆိုသလို
ကိုယ့် ဝေဒနာဟာ
အဆုံးမှာ
ပေါ့ ပါးသွားရော........
                  မော်ဂီတင်ဒဲလ်

I Am

Whenever you need me close
Bring your hand up to your heart
I am there with you
Julie Jordon Scott


ကိုယ့် ကိုမင်းနဲ့  အနီးကပ်ရှိစေချင်တဲ့ အခါတိုင်း
မင်းရဲ့ လက်ကလေးကို
နှလုံးသားဆီမြှောက်တင်လိုက်နော်
မင်းနဲ့ အတူ
ကိုယ်အဲဒီမှာ ရှိပါတယ်......

တို့ အဖေနဲ့ အမေ

ဘ၀ဒါဏ်ကိုခါးစည်းခံလို့ 
ပျိုးထောင်ပြုစု
ဘ၀တစ်ခုတည်ပေးခဲ့ တာ
တို့ အဖေနဲ့ အမေပေါ့ ...
၇ယ်မောပျော်ရွှင်
စိတ်ဓါတ်တွေ နုယဉ်စေဖို့ 
သွန်သင်ဆုံးမ နည်းပြခဲ့ တာ
တို့ အဖေနဲ့ အမေပေါ့ ....
အချိန်တန်အရွယ်ရောက်
ကိုယ့် လမ်းကိုယ်လျှောက်ချိန်တောင်
ဆုံးမပူပင် သနားချစ်ခင်တာ
တို့ အဖေနဲ့ အမေပေါ့  ........။
                   ဖြိုးဇော်

သတ်မှတ်ချက်များနဲ့ ဘဝ

လောကကို ပန်းချီတစ်ချပ်လိုမျိုး
ရေးဆွဲမိခဲ့ တယ်
သာယာမှု၊ချမ်းမြေ့ မှုတွေ
စုတ်ချက်အမျိုးမျိုး
ဆေးစက်အထွေအထွေနဲ့ 
တင်စားလိုက်တယ်
လှပတဲ့ ပန်းချီတစ်ချပ်ပါ
ဒါပေမယ့် ...
ပန်းချီကားထဲမှာ
ငါကိုယ်တိုင်ပျောက်ဆုံးနေတယ်.....
လောကကို ဘောင်ခတ်ကြည့် မိပြန်တယ်
ရပါတယ်
အံဝင်ခွင်ကျပါပဲ
ဒါပေမယ့် ....
ငါကတော့ 
အဲဒီလောကရဲ့ စည်းဘောင်အပြင်ဘက်မှာ
မတ်မတ်ရပ်နေရတယ်......။
                            ဖြိုးဇော်

ဖယောင်းတိုင်ဘ၀(ကမ္ဘာ့ ဆရာ များနေ့ အမှတ်တရ၂)

ကိုယ်တိုင်တော့ လင်းပါရဲ့ 
အခြားသူတွေကို အလင်းမကူး ပေးနိုင်တဲ့ 
လက်နှိပ်ဓါတ်မီး အလင်းရောင်တော့ 
မဖြစ်ချင်ပါဘူး.....
ကိုယ်တိုင်လည်း လင်း
သူတစ်ပါးကို အလင်းညှိပြီး
ထွန်းလင်းခွင့် ပေးတဲ့ 
ဖယောင်းတိုင် ဘ၀ကို
မက်မောမိ တယ်........။
                        ဖြိုးဇော်

တာရာမင်းဝေ(ကောင်းကင်အကြွ ကောက်တဲ့ လက်မှ)

စာရွက်ပေါ်မှာနင့် ကိုချစ်ရုံနဲ့ တော့ 
ငါ့ ဘ၀မှင်ကုန်တာပဲအဖတ်တင်လိမ့် မယ်
မပျံသန်းနိုင်တဲ့ ငှက်လို့ ပြောတိုင်း
ပင်ဂွင်းငှက်ကိုပြေးမြင်ရင်
နင့် ကိုငါမခေါ်ချင်ဘူး......
ကျောင်းအုပ်ကြီးဖတ်ဖို့ ရေးတဲ့ စာမဟုတ်လို့ 
ကျောင်းသွားဖော်လေးဖတ်စေချင်တာ
ငါ့ စေတနာပါ......
နင့် နှလုံးသားကို နင်ဖုန်းခေါ်ပါ
ပြီးမှငါ့ ဆီစာပြန်ပါ.....။

ဝမ်းနည်းစိတ်ရဲ့ ခေါင်းစီး(ကြွေလွင့် သွားသောသူငယ်ချင်းအတွက်)

သူငယ်ချင်း...
မင်းအတွက်ခံစား
ဝမ်းနည်းရသမျှ
ဖြေသိမ့် ဖို့ ကဗျာရေး
ငါတွေးနေမိတယ်......၊
(ကဗျာ)စာသားတွေက မျက်ရည်
ကာရန်က ခံစားမှု
ပမာပြုလို့ 
ခေါင်းစဉ်က
ငါ့ ရဲ့ ဝမ်းနည်းစိတ်ပေါ့ .....
ဒီလိုနဲ့ ဖော်ကျူးလို့ 
ကဗျာတစ်ပုဒ်သာဆုံးပေမယ့် 
ရင်ထဲမှာ မင်းအတွက်
ဝမ်းနည်းစိတ်က မဆုံးနိုင်ဘူး....။
                     ဖြိုးဇော်

ကမ္ဘာ့ ဆရာများနေ့ အမှတ်တရ(၁)

မြေဖြူလေးတစ်ချောင်းပါ
ဘ၀ကိုလုံးပါးပါးရင်း
နောက် ဆုံးမှာပျောက်ကွယ်ရတယ်...၊
ဒါပေမယ့်  ကျေနပ်တယ်
ငါ့ ဘ၀ကိုအပွန်းခံပြီး
ကျောက်သင်ပုန်းပေါ်
ရေးလိုက်တဲ့ စာက
သူတစ်ပါးရဲ့ ဘ၀ကို
ထွန်းလင်းခွင့် ပေးနိုင်တဲ့ 
အရောင်တွေဖြစ်နေလို့ ပါ.....။
                           ဖြိုးဇော်

Tuesday, October 6, 2009

အပိုင်းအစများ


ရေစက်ဆိုတဲ့ 
ရှောင်လွှဲလို့ မရတဲ့  အရာတစ်ခုထဲမှာ
မင်းနဲ့ ငါ ဆုံခဲ့ ကြတယ်....။
အချစ်ဆိုတဲ့ 
ထါက်ပြေးလွတ်မြောက်လို့ မရတဲ့ 
စည်းဝိုင်းထဲမှာ
ပိတ်မိခဲ့ ကြတယ်....။
သံယောဇဉ်ဆိုတဲ့ 
နွယ်ရှင်တွေကြားထဲမှာ
လှုပ်ရှားရုန်းကန်မရဖြစ်ခဲ့ ရတယ်...။
စိတ်ကူးယဉ်ဆန်တဲ့ 
အိပ်မက်တစ်ခုထဲမှာ
အရှင်လတ်လတ် ရူးသွပ်ခဲ့ ကြတယ်...။
ဝေဒနာဆိုတဲ့ 
မလိုချင်လည်း ငြင်းပယ်ခွင့် မရှိတဲ့ 
စီရင်ချက်တွေကြားမှာ
ခံရခက်စွာ အသက်ရှုရတယ်....။
နောက်ဆုံးတော့ 
အမှန်တရားဆိုတဲ့ 
အခါးသီးဆုံး လက်တွေ့ ထဲမှာ
နာကျင်စွာနိုးထ
ဘ၀ဆိုတာ
တစ်ခါ တစ်ခါ
ပဲ့ ကြွေအက်ကွဲသွားတတ်ပေ မယ့် လည်း
(ငါကတော့ )
မာန...ဆိုတဲ့ 
ကိုယ်ပိုင်ပစည်းတစ်ခုတည်းနဲ့ 
ပြန်လည်ထုဆစ် တည်ဆောက်မယ်......။

Monday, October 5, 2009

ကဗျာမဟုတ်တဲ့ ကဗျာ

ရှေးဟောင်းဘာသာရပ်နဲ
့ထွင်းထုထားတဲ့ ကျောက်စာလို
ငါ့ ရဲ့ အတိတ်တွေက
နားမလည်တဲ့ ဘာသာရပ်နဲ့ 
နှလုံးသားမှာထွင်းထုထားတာလား.......
စိတ်ကူးနဲ့ အသိဥာဏ်တွေက
တိမ်တွေလိုလွင့် မျောရင်း
ဦးဏှောက်ထဲ မှာလည်း ဗလာတွေနဲ့ ပေါ့ .......
ခံစားမှုတွေက
ဘဲဥကိုအစရှာမရသလို
ခံစားချက်တွေရေးဖို့ အတွက်လည်း
စာလုံးတွေပျောက်ဆုံးနေတယ်
မင်းနားလည်မယ်ဆိုရင်တော့ 
ငါရေးချလိုက်တဲ့  စာလုံးတွေဟာ
ကဗျာတစ်ပိုဒ်ဖြစ်လာမှာပါ......။

ကာရန်

နှလုံးသားကိုဗြောင်းဆန်
ဘ၀ကပြောင်းပြန်လန်သွားတယ်
အသိစိတ်တွေေ၀၀ါး
ချစ်မိသွားအောင်
သူ ဆွဲဆောင်နိုင်လွန်းတယ်..........
ကတုန်ကယင်
ယုန်ထင်ကြောင်ထင်
လှောင်ရယ်စရာပြက်လုံးတစ်ပုဒ်
အဆုံးမဲ့ နေတယ်.......
မျိုသိပ်ရလွန်းလို့ 
ပွင့် အံထွက်မယ့် 
အချစ်သံစဉ်လေး
အဆုံးသတ်ခွင့် ပြုပါ.........
ကာရန်မပီသ
သံစဉ်မကျပေမယ့် 
ရွှေနားတော်သွင်း
သူ့ နားယဉ်မဲ့ (မည့် )
ကာရန်မဲ့ သီချင်းပါမေ..........။
                          ဖြိုးဇော်

လက်ဆောင်


ရော့ ယူပါ
မင်းအတွက် ငါ့ ရဲ့ လက်ဆောင်......
တန်ဖိုးမထားချင်နေ
လုံးခြေပြီးတော့ မလွှင့် ပစ်လိုက်ပါနဲ့ 
ရိုးရိုးလေးပဲသိမ်းထားလိုက်ပါ
တခြားလူတွေအတွက်တော့ 
တန်ဖိုးမကြီးပါဘူး
ငါ့ အတွက်တော့  တန်ဖိုးမဖြတ်နိုင်တဲ့ 
နှလုံးသားနဲ့ ရင်းပြီး
သွေးသားတွေနဲ့  ရေးဖွဲ့ ထားတဲ့ 
"ကဗျာ"လေးတစ်ပုဒ်ပါ.........

မော်ကြီး

မျှော်လင့် ခြင်း

အဆက်မဖြတ်ပါနဲ့ 
သွက်သွက်ခါ ငါရူးလိမ့် မယ်..........
မပတ်သက်လာပါနဲ့ 
ရက်စက်စွာဆိုတဲ့  အချစ်ရယ်........
အသစ်တွေ့ လို့ 
အဟောင်းမေ့ မေ့ တော့ လည်း
မပြောင်းတဲ့ အချစ်တွေနဲ့ 
ဒီနှစ်ဟောင်းလည်း
ငါချစ်အုံးမယ်.............။

နယ်မြေသစ်

မျောလွင့် တဲ့ တိမ်အစုံ

နှလုံးသားရဲ့ ရင်ခုန်သံကြား
အချစ်ကိုစတင်တွေ့ ရှိသွား၏.....
ကိုလံဘတ် မတွေ့ သေးတဲ့ 
နယ်မြေသစ်ကိုတွေ့ ခဲ့ တယ်
ဗီးနပ်စ်ရဲ့ ကကွက်အောက်မှာပေါ့ ......
ထရိုင်စစ်ပွဲထက်
နှလုံးခုန်သံကကြမ်းနေတော့ 
ထိန်းချုပ်မရဖြစ်ခဲ့ တယ်.......
ဒီအချိန်မှာနယူတန်ရဲ့ နိယာမ
ဖောက်ပြန်မှာကြောက်မိတယ်.........
ဘာပဲဖြစ်ဖြစ် ဒီနယ်မြေသစ်ဆီ
ငါရွက်လွှင့် လာခဲ့ မယ်
ကမ်းကပ်ဖို့  ဆိပ်ကမ်းလေးပဲ
ဆောက်ထားပေးပါ...........။
                          ဖြိုးဇော်

လွတ်လပ်ခြင်း


ဘ၀မှာ
ခပ်ပိန်ပိန်ပဲနေလိုက်ချင်တယ်
(ဆိုက်ကားသမားမုန်းမှာစိုးလို့ ).........
အကောင်းဆုံးဆိုတာတွေကိုတော့ 
မမျှော်လင့် ခဲ့ ပါဘူး
ဒါပေမယ့် 
အညံ့ တွေချည်းသက်သက်ပဲ
မလိုချင်ခဲ့ တာတော့ အမှန်ပဲ.......
ဘ၀ကိုလွတ်လပ်စွာဖြတ်သန်းချင်တဲ့ ငါ့ ကို
ပေါ့ ပေါ့ နေပေါ့ ပေါ့ စားလို့ တော့ 
မပြောကြပါနဲ့ .........
မွန်းကြပ်မှုတွေနဲ့ 
တားမြစ်ချက်တွေကို
ခါးသီးလို့ ပါ..........
ဘာပဲဖြစ်ဖြစ်ပါ
မိုးပျံပူပေါင်းလိုပဲ
အစွမ်းကုန်မြင့် တက်ပြီးမှပဲ
ပေါက်ကွဲပျောက်ဆုံးလိုက်တော့ မယ်.......

မင်းကလောင်ရှင်