Pages

Thursday, October 15, 2009

သတ်မှတ်ချက်များနဲ့ ဘဝ

လောကကို ပန်းချီတစ်ချပ်လိုမျိုး
ရေးဆွဲမိခဲ့ တယ်
သာယာမှု၊ချမ်းမြေ့ မှုတွေ
စုတ်ချက်အမျိုးမျိုး
ဆေးစက်အထွေအထွေနဲ့ 
တင်စားလိုက်တယ်
လှပတဲ့ ပန်းချီတစ်ချပ်ပါ
ဒါပေမယ့် ...
ပန်းချီကားထဲမှာ
ငါကိုယ်တိုင်ပျောက်ဆုံးနေတယ်.....
လောကကို ဘောင်ခတ်ကြည့် မိပြန်တယ်
ရပါတယ်
အံဝင်ခွင်ကျပါပဲ
ဒါပေမယ့် ....
ငါကတော့ 
အဲဒီလောကရဲ့ စည်းဘောင်အပြင်ဘက်မှာ
မတ်မတ်ရပ်နေရတယ်......။
                            ဖြိုးဇော်

No comments: