Pages

Monday, October 5, 2009

ကဗျာမဟုတ်တဲ့ ကဗျာ

ရှေးဟောင်းဘာသာရပ်နဲ
့ထွင်းထုထားတဲ့ ကျောက်စာလို
ငါ့ ရဲ့ အတိတ်တွေက
နားမလည်တဲ့ ဘာသာရပ်နဲ့ 
နှလုံးသားမှာထွင်းထုထားတာလား.......
စိတ်ကူးနဲ့ အသိဥာဏ်တွေက
တိမ်တွေလိုလွင့် မျောရင်း
ဦးဏှောက်ထဲ မှာလည်း ဗလာတွေနဲ့ ပေါ့ .......
ခံစားမှုတွေက
ဘဲဥကိုအစရှာမရသလို
ခံစားချက်တွေရေးဖို့ အတွက်လည်း
စာလုံးတွေပျောက်ဆုံးနေတယ်
မင်းနားလည်မယ်ဆိုရင်တော့ 
ငါရေးချလိုက်တဲ့  စာလုံးတွေဟာ
ကဗျာတစ်ပိုဒ်ဖြစ်လာမှာပါ......။

No comments: